၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ကောင်းနေ

၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အမြင့်ဈေးများဖြင့် အရောင်းအဝယ်ကောင်းနေ

၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ကောင်းနေ

ပို့ကုန်မူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်သမားများ အဆင်ပြေလာသကဲ့သို့ အိန္ဒိယနိုင်ငံ၏ ပဲ လိုအပ်ချက်နှင့် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အမြင့်ဈေးများဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံမှ သိရသည်။

ပို့ကုန်ပဲများ ဈေးမြင့်တက်လာခြင်းနှင့်အတူ ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ မှာ မနက်တစ်ဈေး၊ ညနေတစ်ဈေး ဖြင့် ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လာရာ စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်းနှင့် ပို့ကုန် ပဲများနှင့်အတူ ပဲမာလိုင်းများ ဖြစ်သည့် ပဲကြီး၊ မြေထောက်ပဲ တို့မှာလည်း ဝယ်လိုအားကောင်းကာ ဈေးမြင့်တက်လာကြောင်း သိရသည်။

ထို့ အတူ မြေထောက်ပဲ မှာ တရုတ် ဝယ်လက်နှင့် အိန္ဒိယ ဝယ်လက်တို့ အဝယ်စုံနေခြင်းကြောင့် ယခု သီတင်းပတ်တွင် မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ အထိ စံချိန်တင် ပေါက်ဈေး ဖြစ်လာပြီး လက်ရှိ ပဲ၊ နှမ်း ဈေးကွက်တွင် အသစ်ဝင် ပဲများ၊ ပို့ကုန်ပဲများ အရောင်း အဝယ်ကောင်းနေကာ အမြင့်ဈေးများဖြစ်လာခြင်းကြောင့် လှောင်လက်သမားများ စောင့်ကြည့်နေရသည့် ပဲ၊နှမ်းဈေးကွက် ဖြစ်နေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြောသည်။

“ပို့ကုန်ပဲတွေအားလုံး အမြင့်ဆုံး စံချိန်တင်ဈေးတွေ ဖြစ်လာသလို ပြည်တွင်းအသစ်ဝင် ပဲမာလိုင်းတွေလည်း စံချိန်တင် ဈေးကောင်းလာပါတယ်။ ပဲစင်းငုံက ဝယ်လိုအား အရမ်းကောင်းနေပြီး လှောင်လက်သမားတွေ နောက်ဆုတ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ယခု သီတင်းပတ်ထဲမှာ မနက်တစ်ဈေး၊ ညနေတစ်ဈေး အချိန်နှင့်အမျှ ဈေးမြင့်တက်နေတာပါ။ ဒုတိယ ဈေးကောင်းတာက မြေထောက်ပဲဖြစ်ပြီး ဇန်နဝါရီ လဆန်းပိုင်းက စတင် ပေါ်လာတဲ့ မြေထောက်ပဲက တစ်အိတ်ကို ငွေကျပ် ၃၂၀၀၀၀ ပေါက် ဈေးရှိခဲ့ပေမယ့် လက်ရှိမှာ ငွေကျပ် ၃၆၅၀၀၀ အထိ ပေါက်ဈေး ဖြစ်လာပါတယ်။ မြေထောက်ပဲကတော့ တရုတ်ဝယ်လက်နှင့် အိန္ဒိယဝယ်လက် စုံနေလို့ ဈေးကောင်းလာတာပါ။ အသစ်ဝင် ပဲမာလိုင်းထဲမှာ ပဲထောပတ်နှင့် ပဲကြီးတို့လည်း ဈေးကောင်းလာပါတယ်။ ပဲနှမ်းဈေးကွက်တစ်ခုလုံးကတော့ လက်ရှိပေါက်ဈေးတွေအတိုင်း ဈေးကျဆင်းစရာ မရှိပါဘူး။ ပဲသစ်ရာသီ အဝင်ရှိလာပေမယ့် လှောင်သမားတွေ စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်” ဟု၎င်းကပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/28/%e1%81%82%e1%81%80%e1%81%82%e1%81%84-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%95%e1%80%b2%e1%80%9e%e1%80%85%e1%80%ba%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 6小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....