တရုတ်နှစ်သစ်ကူးနီးလာချိန်တွင် ပဲတီစိမ်းနှင့်အတူ နှမ်းမျိုးစုံ၊ မြေပဲဆန်တို့ အနည်းငယ်ဈေးမြင့်တက်လာ
မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် တရုတ်နှစ်သစ်ကူးကာလ နီးလာချိန်တွင် တရုတ်ကုန်သည်များ အဝယ်လိုက်လာသည့် ပဲများတွင် ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲကြီး၊ ပဲထောပတ်၊ ပဲဇီးကွက်နှင့် နှမ်းနက်၊ မြေပဲဆန် တို့မှာ ဇန်နဝါရီလကုန်ပိုင်းရက်များတွင် ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံများသို့ ပဲတီစိမ်း တင်ပို့မှုရှိသည့်အပြင် ပဲသစ်များသည်လည်း ထွက်ပေါ်နေခြင်းကြောင့် မန္တလေးပဲဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
ရန်ကုန်ဈေးကွက်တွင်လည်း ပဲတီစိမ်း(ခရမ်းရွှေဝါ)ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၁၄၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး ရက်ပိုင်းအတွင်း တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/29/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%85%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%94%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac%e1%80%81%e1%80%bb/