အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု ဖေဖော်ဝါရီလ စတင်မည်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု ဖေဖော်ဝါရီလ စတင်မည်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု ဖေဖော်ဝါရီလ စတင်မည်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို လာမည့် ဖေဖော်ဝါရီလမှာ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

“SRVA ကို အသုံးပြုပြီး ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guide Line) ကို သက်ဆိုင်ရာဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ တောင်းခံပြီး ထုတ်ပြန်ပြီးဖြစ်လို့ ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု စတင်နိုင်တော့မှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောသည်။

ရူပီး/ကျပ် ပေးချေမှုအတွက် မြန်မာဘက်က UAB ဘဏ်နှင့် CB ဘဏ်၊ အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ်တို့ကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) အဖြစ် ရွေးချယ်ထားပြီး အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသော အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို လျော့နည်းသွားမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအား တမူးကုန်သွယ်ရေးစခန်းမှ အပြန်အလှန်ဆောင်ရွက်နေပြီး ၂၀၂၃ ဧပြီလ ၁ ရက်မှ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်အထိ ဒေါ်လာ ၁.၈၈၉ သန်း ပမာဏရှိသည့် ပို့ကုန်၊ ဒေါ်လာ ၀.၈၂၆ သန်း ပမာဏရှိ ကုန်ပစ္စည်း တင်သွင်းထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၌ ကျပ်/ယွမ်၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး၌ ကျပ်/ဘတ် တိုက်ရိုက်ပေးချေပြီး နှစ်နိုင်ငံကုန်သွယ်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/29/%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....