၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ

၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာဒီဇိုင်းပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်

၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ

မကြာသေးမီက ရွေးချယ်ခဲ့သော ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၏ ဆုရရှိသူများစာရင်းကို ယနေ့တွင် တရား၀င် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် တရုတ်နိုင်ငံ နိုင်ငံတကာပြန်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ (CCICD)၊ အပြည်ပြည်ဆိုင်ရာ ဝါးနှင့် ကြိမ် ယက်လုပ်ခြင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (INBAR)၊ တရုတ်နိုင်ငံ ဗဟို ပန်းချီအနုပညာ ကောလိပ်၊ ယူနန်တက္ကသိုလ်၊ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာနှင့် ထိုင်းနိုင်ငံ ဘန်ကောက် တက္ကသိုလ်၊ လာအိုနိုင်ငံ အမျိုးသား တက္ကသိုလ် နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် တက္ကသိုလ်တို့ ပူးပေါင်း ကျင်းပသည့် နိုင်ငံတကာ ဒီဇိုင်း ပြိုင်ပွဲတစ်ခု ဖြစ်ပေသည်။ ယခုအခါတွင် အဆိုပါပြိုင်ပွဲသည် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ၌ နာမည်ကျော်ကြားမှုရှိသည့် နိုင်ငံတကာအနုပညာပွဲ တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။

၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ

၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ၂၀၂၂လန်ချန်း-မဲခေါင်ဒီဇိုင်းပြိုင်ပွဲဆုရရှိသူများ

ယခုအကြိမ်ပြိုင်ပွဲတွင် ပိုစတာဒီဇိုင်းပြိုင်ပွဲနှင့် ဝါးနှင့် ကြိမ်ယက်လုပ်ခြင်းပြိုင်ပွဲ ဟူ၍နှစ်မျိုးရှိပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသရှိ နိုင်ငံ ၆ နိုင်ငံမှ ပါ၀င်ယှဥ်ပြိုင်သည့် လက်ရာ တစ်ထောင်နီးပါး ရှိပါသည်။ အကဲဖြတ်ရွေးချယ်ပြီးနောက် ပထမဆု ၂ ခု၊ ဒုတိယဆု ၁၀ ခု၊ တတိယဆု ၂၀ ခုနှင့် နှစ်သိမ့်ဆု ၆၀ ခုတို့ကို ချီးမြှင့်ခဲ့ပါသည်။  ဆုရရှိသူများစာရင်းကို နှင့်သက်ဆိုင်ရာအချက်အလက်များကို အသေးစိတ် သိရှိရန် ပြိုင်ပွဲ၏တရားဝင်ဝဘ်ဆိုဒ် (www.lmcda.org.cn) နှင့် WeChat အကောင့်သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/24/%e1%81%82%e1%81%80%e1%81%82%e1%81%82%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%92%e1%80%ae%e1%80%87/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2023 11:04 上午
下一篇 2月 28, 2023 10:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....