နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်

နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်

နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူ ဆွေးနွေးဆုံးဖြတ်ချက် များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” သိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၌ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေအထားသို့ ရောက်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လုပ်ဆောင်ရမည့် အချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးပေးနိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့ရာ အဆိုပါ တင်ပြချက်များအပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ၆ လသက်တမ်းတိုးရန် ထောက်ခံဆွေးနွေး တင်ပြကြခြင်းလည်းဖြစ်သည်။

နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်

တင်ပြချက်များနှင့်စပ်လျဉ်း၍ ယာယီသမ္မတက ပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တင်ပြချက်များအရ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင် ခွင့်ကိုထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးရန် လိုအပ်သည်ကို တွေ့မြင်ရကြောင်း၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးရန်မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး တိုးမြှင့်ရန် သဘောတူပါကြောင်း၊ မိမိအနေဖြင့်လည်း တင်ပြချက်များသည် မှန်ကန်နေသည် ဖြစ်သည့်အတွက် ထိုသို့တာဝန် ထမ်းဆောင်မှုကို ထပ်မံသက်တမ်း တိုးမြှင့်ပေးမှသာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှင်းလင်းတင်ပြမှုတွင် ပါဝင်သည့် တိုင်းပြည်၏ အနာဂတ်ကောင်းကို အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဖန်တီးပုံဖော် နိုင်မည်ဟုထင်မြင်မိပါကြောင်း၊ ယခုထပ်မံတိုးမြှင့် လိုက်သည့် ၆ လတာကာလသက်တမ်း ဆောင်ရွက်နိုင်သည်မှန်သမျှကို ကြိုးပမ်းဆောင်ရွက်ပြီးရရှိလာ သည့်ရလဒ်များအပေါ် မူတည်၍ လိုအပ်ပါက ထပ်မံသက်တမ်းတိုးမြှင့်ပေးရမည့် အနေအထားပင်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် မိမိအပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံး၏ သဘောတူ ဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့်ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/01/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%85%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%af%e1%80%b6%e1%80%b8-%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 29, 2024 4:55 下午
下一篇 2月 1, 2024 4:53 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....