မုံရွာဒေသထွက် မုန်လာပန်းပွင့်များ အဝေးတင်ပို့ရန် အခက်အခဲရှိသည့်အတွက် စျေးကွက်ပျက်ပြီး တောင်သူများအရှုံးပေါ်

မုံရွာဒေသထွက် မုန်လာပန်းပွင့်များ အဝေးတင်ပို့ရန် အခက်အခဲရှိသည့်အတွက် စျေးကွက်ပျက်ပြီး တောင်သူများအရှုံးပေါ်

မုံရွာဒေသထွက် မုန်လာပန်းပွင့်များ အဝေးတင်ပို့ရန် အခက်အခဲရှိသည့်အတွက် စျေးကွက်ပျက်ပြီး တောင်သူများအရှုံးပေါ်

မုံရွာဒေသထွက် မုန်လာပန်းပွင့်များ အဝေးတင်ပို့ရန် အခက်အခဲရှိသည့်အတွက် စျေးကွက်ပျက်ပြီး စိုက်သည့်ခြံရှင်များ အရင်းမရ အရှုံးပေါ်နေကြောင်း ပန်းမုန်လာစိုက်တောင်သူများထံမှသိရသည်။

“စိုက်တဲ့တောင်သူများပြီး အဝေးတင်ပို့လို့မရတဲ့အတွက် စျေးကျသွားတာပါ။ ပန်းမုန်လာတွေ မရောင်းရတော့ အခြောက်လှမ်းမယ့်သူတွေကို စျေးလျော့ရောင်းရတာပေါ့။ စျေးကွက်ကို ပို့မရတော့ဘူး။ အခြောက်လှမ်းပြီးမှ လိုချင်သူတွေကို ပြန်ရောင်းရတာမျိုးပဲ ရှိပါတယ်” ဟု မုံရွာမြို့နယ်၊ ထနောင်းတောရွာ ပန်းမုန်လာစိုက်တောင်သူတစ်ဦး ကပြောသည်။

လက်ရှိတွင် ပန်းမုန်လာစိုက်ခြံရှင်များအနေဖြင့် အခြောက်လှမ်းလိုသူများကို တစ်ပွင့်လျှင် ကျပ် ၂၀၀ စျေးဖြင့် အရှုံးခံရောင်းချနေကြရပြီး မုံရွာနယ်ထွက် ပန်းမုန်လာများကို မုံရွာမြို့ ကန်သာယာစျေး (ပြည်ထောင်စုစျေး) သို့ အဓိကထား ပို့ဆောင်ရောင်းချရကြကြောင်း သိရသည်။

မုံရွာဒေသထွက် မုန်လာပန်းပွင့်များ အဝေးတင်ပို့ရန် အခက်အခဲရှိသည့်အတွက် စျေးကွက်ပျက်ပြီး တောင်သူများအရှုံးပေါ်

“ဒီနှစ်က စျေးကောင်းကို မရသေးဘူး။ တစ်ပွင့် ၃၀၀ အရဆုံးဘဲ။ ပထမစထွက်တုန်းက ၄၀၀ ရမလိုနဲ့ ၃၀၀ ပဲရခဲ့တာ။ ဒီနှစ်တခြားခြံတွေကလည်း ပန်းမုန်လာအစိုက်များကြတယ်။ ပန်းမုန်လာအစောပိုင်းကာလပေါ်သူတွေက တစ်ပွင့်ကျပ် ၁၀၀၀ ကျော်အထိ ရခဲ့ဖူးတယ်” ဟု ပန်းမုန်လာစိုက်တောင်သူတစ်ဦး ကပြောသည်။

ပန်းမုန်လာစိုက်တောင်သူများအနေဖြင့် စိုက်စရိတ်အရှုံးပေါ်နေပြီး ပန်းမုန်လာ အပင် ၄၀၀၀ စိုက်လျှင် အရင်း ကျပ် ၅ သိန်းကျော် စရိတ်ရှိပြီး စတင်စိုက်ပျိုးပြီး ၃လ ခွဲတွင် ပန်းမုန်လာများပေါ်ကာ စျေးကွက်တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်းသိရသည်။
စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%92%e1%80%b1%e1%80%9e%e1%80%91%e1%80%bd%e1%80%80%e1%80%ba-%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%9c%e1%80%ac%e1%80%95%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 31分钟前
下一篇 28分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....