တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသား အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသား အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသား အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ် ရွှေနဂါးနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသား အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ(၁) အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်အားကစားသမား ၁၁၈ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် အေးခိုင် (Wow Sports)က ကျော်ခန့်နိုင် (ဗထူး)ကို ၄ ပွဲ ၁ ပွဲရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသား အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
ဆုချီးမြှင့်ပွဲကို ညနေ ၅ နာရီတွင် ကျင်းပရာ ပထမဆု ဆုတံဆိပ်နှင့် ကျပ် ၈ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ ပူးတွဲတတိယ ဆုရရှိသူ ၂ ဦးကို ကျပ် ၂ သိန်းစီ၊ ကွာတားဖိုင်နယ်တွင်ရှုံးနိမ့်ခဲ့သည့် ၄ ဦးကို ကျပ် ၁ သိန်းစီနှင့် ၁၆ ယောက် ရှုံးထွက်အဆင့်၌ ရှုံးနိမ့်ခဲ့သူ ၈ ဦးကို ကျပ် ၅ သောင်းစီ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 48分钟前
下一篇 45分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....