ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့များ ဖွဲစည်း

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့များ ဖွဲစည်း

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့များ ဖွဲစည်း

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ ဖွဲစည်းခဲ့ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁၃ နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက် ရက်စွဲဖြင့် အာဏာတည်စေရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြေညာချက်အမှတ် ၂၇/၂၀၂၄ ဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်မှုထမ်းစနစ်အား ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စတင်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲများ ဗဟိုမှ ရပ်ကျေးအဆင့်ထိ အဆင့်ဆင့် ဖွဲစည်းသွားမည်ဖြစ်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများက စာရင်းကောက်ယူသွားမည်ဟုဆိုသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့များ ဖွဲစည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့များ ဖွဲစည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့များ ဖွဲစည်း

ပြည်သူ့စစ်မှုထမ်းစနစ်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်အမှတ် (၁/၂၀၂၄) ဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး (ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း))မှ ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားကြောင်း သိရသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%b7%e1%80%85%e1%80%85%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%91%e1%80%99%e1%80%ba%e1%80%b8-%e1%80%86%e1%80%84%e1%80%b7%e1%80%ba%e1%80%81/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 8, 2024 9:15 下午
下一篇 36分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....