လားရှိုးမြို့၊ စန်းရွှင်ဟိုတယ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ၂ ဦးဒဏ်ရာရ

လားရှိုးမြို့၊ စန်းရွှင်ဟိုတယ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ၂ ဦးဒဏ်ရာရ

လားရှိုးမြို့၊ စန်းရွှင်ဟိုတယ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုသည် KIO/ KIA အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သို့ ရောက်လာပြီး ဆိုင်ကယ်အား ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထားခဲ့ကာ ၎င်းတို့ ပြန်လည် ထွက်ခွာသွားပြီး မကြာမီ အဆိုပါဆိုင်ကယ်မှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။

လားရှိုးမြို့၊ စန်းရွှင်ဟိုတယ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ၂ ဦးဒဏ်ရာရ လားရှိုးမြို့၊ စန်းရွှင်ဟိုတယ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ၂ ဦးဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ်မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဆေးပလယ် (၂၇) နှစ်တွင် ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ (၁) ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသူ မချောစုအောင် (၁၈) နှစ်တွင် လည်ပင်းအရှေ့ ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဝဲဘက်ညိုသကြီး ဖောက်ဝင်ဒဏ်ရာ (၁) ချက်တို့ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

KIO/ KIA အကြမ်းဖက်အဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့လိပ်မူပြီး ၎င်းတို့ထံ ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်မီ ဆက်ကြေးအား မပျက်မကွက် လာရောက်ပေးသွင်းရန်နှင့် မပေးပါက ပြင်းထန်စွာအရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်းကြားစာအားလာရောက်ပေးပို့ခဲ့ပြီး ဟိုတယ်မှ ပေးသွင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

ကိုစိုင်း (မူဆယ်)

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/08/%e1%80%9c%e1%80%ac%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8a-%e1%80%85%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%be%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 8, 2024 9:14 下午
下一篇 2天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....