“ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ရန်ကုန်မြို့ကျင်းပ

တရုတ်နှစ်သစ်ကူး “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ရန်ကုန်မြို့တွင် ၃ ရက်ကြာကျင်းပ

“ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ရန်ကုန်မြို့ကျင်းပ

၂၀၂၄ ခုနှစ် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ၃ ရက်ကြာ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်၊ ထိုင်းစသည့်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Pan Feng ၊ သံမှူး Mr. Yu Jinfeng ၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဌာနမှူး Mr. Xiang Jianbo နှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီနှင့် တရုတ်နွယ်ဖွား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ရန်ကုန်မြို့ကျင်းပ “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ရန်ကုန်မြို့ကျင်းပ “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ရန်ကုန်မြို့ကျင်းပ

နှစ်သစ်ကူးပွဲတော်ကာလအတွင်း “တရုတ်နှစ်သစ်ကူး ပွဲတော်အငွေ့အသက်များ” ဓာတ်ပုံပြပွဲ၊ “မင်္ဂလာပါ နွေဦးအခါ” ဗီဒီယိုအတို တင်ဆက်ပြသခြင်းအပြင် တရုတ်ရိုးရာ ဆေးဆိုးပန်းရိုက်ပညာ၊ စက္ကူအလှညှပ်ပညာ အစရှိသည့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင်ပြုလုပ် လေ့လာနိုင်ကြသည်။

ထို့အတူ ဖက်ထုပ်၊ တံတားကူးမြီးရှည် အစရှိသည့် တရုတ်ရိုးရာ အစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ကြပြီး တရုတ်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ကူးနိုင်ရန်ကိုလည်း စီစဉ်ပေးထားကာ မီးပုံးစကားထာ၊ တရုတ်ကြက်တောင်ခတ်ခြင်း၊ မြားကို ခွက်ထဲဝင်အောင်ပစ်ခြင်း အစရှိသည့် ပျော်ရွှင်ဖွယ် ရိုးရာကစားနည်းမျိုးစုံကိုလည်း စီစဉ်ထားရှိသည်။
အဆိုပါနှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် အခမ်းအနားများ၏ အရေးကြီးအစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ကြီးမှူးပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဦးစီးဌာနနှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့မှ တာဝန်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/08/%e1%80%86%e1%80%bd%e1%80%b1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%9f%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 34分钟前
下一篇 15分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....