သက်မွေးပညာသင်တန်းစင်တာ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ

သက်မွေးပညာသင်တန်းစင်တာ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ဖော်ဆောင်သည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တို့တက်ရောက်ခဲ့သည်။

သက်မွေးပညာသင်တန်းစင်တာ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ သက်မွေးပညာသင်တန်းစင်တာ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ သက်မွေးပညာသင်တန်းစင်တာ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ

သံမှူးကြီး Dr. Zheng Zhihong က အမှာစကားပြောကြားရာတွင် အဆိုပါစင်တာသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ ကိုယ်စားပြုစီမံကိန်း နောက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော တိုင်းရင်းသားလူမျိုးစုများအတွက် သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ တည်ဆောက်ပြီးစီးခြင်းသည် ပြည်နယ်တွင်း သက်မွေးဝမ်းကျောင်းနည်းပညာ လူတော်လူချွန်များ “မွေးထုတ်ပေးရာနေရာ” ဖြစ်လာမည်သာမက တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပလက်ဖောင်း တစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစင်တာသည် ရှမ်းပြည်နယ် တိုင်းရင်းသားများအတွက် ကွန်ပျူတာ၊ ကားဝပ်ရှော့၊ တိုင်းရင်းသားလက်မှုပညာစသည့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို မြှင့်တင်ပေးသွားမည်ဖြစ်သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/08/%e1%80%9e%e1%80%80%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%8a%e1%80%ac%e1%80%9e%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%84%e1%80%ba%e1%80%90%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 1秒前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....