နှမ်းမျိုးစုံ စျေးကွက် တရုတ်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ပြီး စျေးမြင့်တက်လျက်ရှိ

နှမ်းမျိုးစုံ စျေးကွက် တရုတ်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ပြီး စျေးမြင့်တက်လျက်ရှိ

နှမ်းမျိုးစုံ စျေးကွက် တရုတ်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ပြီး စျေးမြင့်တက်လျက်ရှိ

ပြည်တွင်း နှမ်းမျိုးစုံ ဈေးကွက်ထဲကို နှမ်းဝင်ရောက်မှု နည်းလာသည့်အပြင် တရုတ်နိုင်ငံဘက်မှ အဝယ်ရှိနေခြင်းကြောင့် နှမ်းဈေးကွက်သည် ဆက်တိုက် ဈေးမြင့်တက်လာနေကြောင်း ကုန်သည် များထံက သိရသည်။

နှမ်းနက်စမုံအပါအဝင် နှမ်း မျိုးစုံဈေးကွက်သည် ဇန်နဝါရီလ စကတည်းက ဆက်တိုက် ဈေးတက်လာခြင်းဖြစ်ပြီး ဒုတိယသီတင်းပတ်အထိ နှမ်း ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ လောက်အထိ မြင့်တက်လာကာ ဇန်နဝါရီလကုန်ပိုင်းတွင် နှမ်း ၄၅ ပိဿာ တစ်အိတ်ကို ငွေကျပ် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိ ဇန်နဝါရီလ နောက်ဆုံးပတ် မန္တလေးကုန်စည်ဈေးကွက်တွင် နှမ်းနက်စမုံက ၄၅ ပိဿာကို ကျပ် ၃၆၅၀၀၀- ၄၃၀၀၀၀၊ နှမ်းဖြူဂျပန်က ကျပ် ၄၁၀၀၀၀-၄၂၀၀၀၀၊ နှမ်းဖြူရိုးရိုးကလည်း ကျပ် ၃၆၀၀၀၀-၃၈၅၀၀၀ ဈေး ပေါက်ပြီး နှမ်းညိုကလည်း ငွေကျပ် ၃၁၇၀၀၀-၃၂၀၀၀၀ ဈေးပေါက်ဖြစ်လာသည်။

နှမ်းမျိုးစုံ စျေးကွက် တရုတ်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ပြီး စျေးမြင့်တက်လျက်ရှိ

နှမ်းကို ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်ကိုသာ အဓိကတင်ပို့ ရောင်းချရသည့်အတွက် တရုတ်၏ နှမ်းလိုအပ်ချက်၊ ဝယ်လိုအား အပေါ် လိုက်ပြီး ပြည်တွင်း နှမ်း ဈေးကွက်သည် အတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

နှမ်စိုက်ပျိုးမှုကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနေနှင့် ဆီ ကြိတ်ခွဲခြင်းနှင့် မုန့်လုပ်ငန်းများတွင်သာ အသုံးပြုလျက် ရှိသည်။

နှမ်းမျိုးစုံ ဈေးမြင့်တက်လာမှုနှင့်အတူ မန္တလေးကုန်စည်ဒိုင်၊ နယ်ကုန်စည်ဒိုင်များမှာလည်း နှမ်းမျိုးစုံ အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/05/%e1%80%94%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%af%e1%80%b6-%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 1, 2024 4:53 下午
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....