မုံရွာမြို့တွင် ဟင်း သီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပ

မုံရွာမြို့တွင် ဟင်း သီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပ

မုံရွာမြို့တွင် ဟင်း သီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့်ပြပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

ပြပွဲတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေး၊ သဘာဝမြေသြ ဇာနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်နည်း၊ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)၊ ပျိုးဥယျာဉ် (Nursery Farm)၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများကို ခင်းကျင်းပြသထားသည်။

မုံရွာမြို့တွင် ဟင်း သီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပ

“စိုက်ပျိုးရေးကဏ္ဍ အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဟာ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နေတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံတွေရဲ့ စိုက်ပျိုးမြေဧရိယာ အသုံးချမှု တိုးတက်ဖို့၊ တစ်ဧကထုတ်လုပ်မှု စွမ်းအားတိုးတက်ဖို့နဲ့ တောင်သူတွေ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ စိုက်ပျိုးနေတဲ့သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိဖို့ ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦး ကပြောသည်။

စပါးစိုက်ပျိုးခြင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ်မိုးစပါးဧက ၁၈ သိန်းကျော်၊ နွေစပါးဧက ၂ သိန်းကျော် စုစုပေါင်း ဧကသိန်း ၂၀ ကျော်အား ပုံမှန်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/08/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9f%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ae%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 35分钟前
下一篇 17分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....