ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကျင်းပ

ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကျင်းပ

ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကျင်းပ

ရသစာရေးဆရာများဖြစ်သည့် ဆရာဂျိုဇော်၊ ဆရာစိုးဘားဒိုင်၊ ဆရာဆူးငှက်၊ ဆရာညိုထွန်းလူ တို့ရေးဖွဲ့ထားသော ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၂လမ်း၊ ၇၃လမ်းနှင့် ၇၄လမ်းကြားရှိ စိတ်ကူးချိုချို စာအုပ်ဆိုင်တွင် ပြုလုပ်ကြောင်း သိရသည်။

ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကျင်းပ ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကျင်းပ ဟိုတုန်းက စာအုပ် အမှတ်တရလက်မှတ်ရေးထိုးပွဲကျင်းပ

ဟိုတုန်းက စာအုပ်လက်ရေးထိုးပွဲကို စာချစ်သူအများအပြား လာရောက်ကြပြီး စာရေးဆရာများ ကိုယ်တိုင် စာချစ်သူများကို မွန်းလွဲ ၃နာရီထိ လက်မှတ်ရေး ထိုးပေးခြင်းကြောင့် စည်ကားလှသည့် ပွဲလေးတစ်ပွဲဖြစ်ခဲ့သည်။

အဆိုပါ ဟိုတုန်းက စာအုပ်ကို စွယ်တော်ပုံနှိပ်တိုက်တွင် ပထမအကြိမ် အုပ်ရေ(၅၀၀) ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်ပြီး ဆရာဂျိုဇော်၏ ကျွန်တော်နှင့် ဥက္ကဌကြီးများ၊ ဆရာစိုးဘားဒိုင်၏ ဘိုးတောင်းအို၊ ဆရာဆူးငှက်၏ ဟိုတုန်းကမန္တလေး၊ ဆရာညိုထွန်းလူ၏ ဟိုတုန်းကဆိုသည့် အတိတ်က ဇာတ်လမ်းများကို ရေးဖွဲ့ထားခြင်းဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%9f%e1%80%ad%e1%80%af%e1%80%90%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80-%e1%80%85%e1%80%ac%e1%80%a1%e1%80%af%e1%80%95%e1%80%ba-%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%90%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4天前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....