တရုတ်အာလူးများ ဝင်ရောက်နေခြင်းကြောင့်အာလူးပြတ်လပ်မှုမရှိနိုင်
အာလူးသည် ပြည်တွင်း၌ တစ်နှစ်ပတ်လုံးထွက်ရှိသော်လည်း ထွက်ရှိမှုများပြားချိန်နှင့် ရှားပါးချိန်တို့တွင် ဈေးကွက် အတက်အကျရှိ၍ တရုတ်အာလူးများ ဝင်ရောက်နေခြင်းကြောင့် အာလူးပြတ်လပ်မှု မရှိနိုင်ကြောင်းသိရသည်။
ပြည်တွင်း၌ ဖေဖေါ်ဝါရီ ဒုတိယပတ်မှစ၍ အာလူးထွက်ရှိမှု များပြားလာတော့မည်ဖြစ်၍ ဈေးကွက်တည်ငြိမ်လာနိုင်မည်ဖြစ်ပြီး ကြားကာလများတွင် တရုတ်ဘက်မှ အာလူးများ ဝင်ရောက်နေကြောင်း နောင်တရားအာလူးအသင်းမှ တာဝန်ရှိသူက ပြောသည်။
အာလူးတွင် စဖိုချောင်သုံးစွဲမှုအတွက် စားအာလူးနှင့် အာလူးကြော်ထုတ်လုပ်သူများအတွက် ကြော်အာလူးဟူ၍ရှိပြီး ကြော်အာလူးမှာ အရသာကောင်းမွန်သည့် ပြည်တွင်းအာလူးများသာ ဝယ်ယူအသုံးပြုသည်ဟုဆိုသည်။
“ဇန်နဝါရီ၊ဖေဖော်ဝါရီအတွင်း ရှမ်းပြည်ကထွက်တဲ့ အာလူးရှိပေမယ့် လုံလောက်မှုလိုအပ်နေပေမယ့် ဖေဖော်ဝါရီ ဒုတိယပတ်မှာ ဆင်ဖြူကျွန်းအာလူးတွေ ထွက်တော့မှာဖြစ်တာနဲ့ တရုတ်ဘက်က တင်သွင်းမှုရှိနေတာကြောင့် ဈေးကွက်ငြိမ်လာမယ်။ ဈေးကွက်မှာ အာလူးပြတ်လပ်တာမရှိပေမယ့် အမြောက်အမြားထွက်တာနဲ့ နည်းတာတော့ ရှိတယ်”ဟု ကုန်သည်တစ်ဦးကပြောသည်။
စဖိုချောင်သုံး စားအာလူးများမှာ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ဝန်းကျင်နှင့် အကြော်အာလူးများမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၈၀၀ ဝန်းကျင်ဈေးနှုန်းမှာ သင့်လျော်သည့် ဈေးနှုန်းဖြစ်ကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/23/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%a1%e1%80%ac%e1%80%9c%e1%80%b0%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9d%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/