ဧရာ၀တီမြစ်တစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကောင်းရရှိ

ဧရာ၀တီမြစ်တစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကောင်းရရှိ

ဧရာ၀တီမြစ်တစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကောင်းရရှိ

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိသဖြင့် မြေနုကျွန်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြေနုကျွန်းစိုက် မြေပဲစိုက်ခင်းများကို အောက်တိုဘာလ ၁၅ ရက် ဝန်းကျင်က စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နုတ်သိမ်းရာ တစ်ဧက မြေပဲတင်း(၅၀)ခန့်ထွက်ရှိခြင်းကြောင့်လည်း အထွက်နှုန်း ကောင်းခဲ့သည်။ ထို့အပြင် မြေပဲဆန်ဈေးမှာလည်း ပိဿာ ၁၀၀ လျှင် ငွေကျပ် ၈၇၀၀၀၀ ကျော် ပေါက်ဈေးရှိခြင်းကြောင့် တောင်သူများ ထပ်ဆင့် အကျိုးအမြတ်ကောင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးခင်မောင်ရင်က ပြောသည်။

“မြေနုကျွန်းစိုက်ခင်းတွေကို စက်တင်ဘာ ရေကျချိန်မှာ မြေပြုပြင်ပြီး ဈေးကွက်ကောင်းမယ့် သီးနှံကို ရွေးချယ်စိုက်ပျိုးခဲ့တာပါ။ သီးနှံ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ မြေနုကျွန်းရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံလည်းဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းသလို ဒီနှစ်မြေပဲဈေးကွက် ကောင်းတော့ တောင်သူတွေ အဆင်ပြေကြပါတယ်” ဟု ၎င်းကပြောသည်။

မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရာတွင် ထွန်ယက် စိုက်ပျိုးစရိတ်၊ သွင်းအားစုများ ဈေးကောင်းခြင်း၊ လုပ်သားစရိတ်၊ စက်သုံးဆီများ ဈေးများကြီးမြင့်ခြင်းကြောင့် တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် ၆ သိန်းဝန်းကျင် ကုန်ကျသော်လည်း မြေပဲဆန်ဈေး ကောင်းမွန်ခြင်းကြောင့် တစ်ဧက ငွေကျပ် ၁၄ သိန်းခန့် အကျိုးအမြတ်ရရှိ ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/23/%e1%80%a7%e1%80%9b%e1%80%ac%e1%81%80%e1%80%90%e1%80%ae%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%85%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4天前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....