နိုင်ငံတကာလေကြောင်းခရီးစဉ်များApril 17ပြေးဆွဲခွင့်ပြု

နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစတင်၍ ပြန်လည် ပြေးဆွဲခွင့်ပြုမည်

နိုင်ငံတကာလေကြောင်းခရီးစဉ်များApril 17ပြေးဆွဲခွင့်ပြု

ကိုဗစ်-၁၉ ကြောင့် ၂ နှစ်နီးပါးပိတ်ထားခဲသည့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တစ်ရက်)မှစတင်၍ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက မတ် ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့် မတ် ၂၉ ရက်တွင် စတင်ရန်ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များApril 17ပြေးဆွဲခွင့်ပြု

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်း သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့  လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ယာယီကန့်သတ်သည့် အစီအစဉ်အား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တစ်ရက်)မှ စတင်ကာ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ပုံမှန် ပြန်လည် ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကိုခန့်

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/22/241cdddd52/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 20, 2022 11:10 下午
下一篇 3月 24, 2022 3:17 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....