မန္တလေးမြို့ မဟာမုနိဘုရားကြီး၏ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
မန္တလေးမြို့ မဟာမုနိဘုရားကြီး၏ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲကို တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် မန္တလေးမြို့ တောင်ထီးလင်းတိုက်၊ သဲကုန်းကျောင်း၊ မဟာမုနိရုပ်ရှင်တော်မြတ် ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ အမှူးပြုသော ပင့်သံဃာတော် (၁၁၁)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းသပိတ်၊ လှူဖွယ်ပစ္စည်းများနှင့် စာရေးတံမဲများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ မဟာမုနိဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဖူးပြည်သူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
တပို့တွဲလပြည့်နေ့ ဖြစ်သည်နှင့်အတူ နံနက်ပိုင်းတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အားရည်စူးကာ အမွှေးနံ့သာ မီးပုံးထင်းတို့ဖြင့် အုဋ္ဌ်ပလ္လင်တော်တွင် မီးပူဇော်ကြကြောင်းလည်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/28/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%99%e1%80%9f%e1%80%ac%e1%80%99%e1%80%af%e1%80%94%e1%80%ad%e1%80%98%e1%80%af%e1%80%9b/