ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကဆိုလာလမ်းမီးလှူဒါန်း

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကလှူဒါန်းသည့် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနား ရန်ကုန်၌ကျင်းပ

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကဆိုလာလမ်းမီးလှူဒါန်း

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီမံကိန်းဖော်ဆောင်သည့်ဘက်၊ လက်ခံသည့်ဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” သည် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက အိမ်နီးချင်းနိုင်ငံများ၌ဖော်ဆောင်သည့် “သေးငယ်သော်လည်း ကောင်းမွန်သည့်” ပြည်သူ့အကျိုးပြုစီမံကိန်းများဖြစ်သည်။

ယခုနှစ်တွင် အဆိုပါစီမံကိန်းသည် ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိလမ်းများ၌ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၄၀ တပ်ဆင်ပေးပြီး အများပြည်သူနေရာများကို ညဘက်တွင် ထွန်းလင်းစေကာ သက်ဆိုင်ရာဌာနမီတာခများ သက်သာစေ၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်ကို တစ်ဆင့်တိုးနက်ရှိုင်းစေမည်ဖြစ်သည်ဟုဆိုသည်။

၂၀၂၂ ခုနှစ်ကစတင်ကာ “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” စီမံကိန်း ၂၄ ခုကို မြန်မာနိုင်ငံ၌ ဖော်ဆောင်ခဲ့ရာ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့်သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့်ပညာရေး စသည့်ကဏ္ဍများစွာပါဝင်ပြီး ၎င်းတို့အနက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးသည် ရန်ကုန် စာသင်ကျောင်းများ၏ အားကစားကွင်းပြုပြင်တည်ဆောက်ခြင်း၊ ရန်ကုန် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်များထွန်းလင်းခြင်းနှင့် မိုခါမုန်တိုင်းအလွန် ပြန်လည်တည်ဆောက်ရေးပစ္စည်းများ လှူဒါန်းခြင်းဟူသည့် စီမံကိန်း ၃ ခု ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/28/%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%b7%e1%80%95%e1%80%bc%e1%80%8a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 28分钟前
下一篇 26分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....