RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆွေးနွေးပွဲ

RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆွေးနွေးပွဲ

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့်ဖော်ဆောင်သည့် “ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည်ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ လန်ချန်း-မဲခေါင်နိုင်ငံများ မြန်မာနိုင်ငံအခြေစိုက် သံတမန်များ၊ လန်ချန်း-မဲခေါင်နိုင်ငံများမှ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆွေးနွေးပွဲ
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က အမှာစကားပြောကြားခဲ့ရာ တရုတ်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံများတွင် အကြီးမားဆုံး စီးပွားရေးနိုင်ငံအနေဖြင့် တံခါးဖွင့်၍ ဖွံ့ဖြိုးတိုးတက်မှုအယူအဆကို အမြဲတစေကိုင်စွဲ၍ RCEP သဘောတူစာချုပ်အား အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ်မိတ်ဖက်နိုင်ငံများနှင့်အတူ ဒေသကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့ရေးအဆင့်အတန်းမြှင့်တင်ပြီး စီးပွားရေးအားအကျိုးပြုသော ဂေဟစနစ်ကို ပြီးပြည့်စုံစွာဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒေသတွင်းစီးပွားရေး တစ်သားတည်းဖြစ်ခြင်းကို အဆက်မပြတ် မြှင့်တင်ပြီး ပိုမိုရင်းနှီးသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ပံ့ပိုးမှုဖြင့် ဖော်ဆောင်ခြင်းဖြစ်ပြီး နေပြည်တော်တွင် ၃ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/28/rcep-%e1%80%9e%e1%80%98%e1%80%b1%e1%80%ac%e1%80%90%e1%80%b0%e1%80%85%e1%80%ac%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%91/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....