တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လျှပ်စစ်မီးဖြင့် လုပ်ငန်းဆောင်ရွက်မှု ရပ်နားထားရန် လုပ်ငန်းရှင်များထံ ညွှန်ကြားထားသည်ဟုဆို
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် စာမေးပွဲကျင်းပနေစဉ်အတွင်း လျှပ်စစ်မီးဖြင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခေတ္တရပ်နားထားရန် မြို့နယ်လျှပ်စစ်မန်နေဂျာက လုပ်ငန်းရှင်များထံသို့ စာပေးပို့ ညွှန်ကြားထားကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ပေးပို့စာအားရည်ညွှန်းကာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက ထပ်ဆင့်ညွှန်ကြားစာပေးပို့လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များထံကသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အကြိုကာလဖြစ်သည့် မတ် ၁ ရက်မှ မတ် ၁၀ ရက်နေ့အထိ နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် မတ် ၁၁ ရက်မှ မတ် ၁၉ ရက်နေ့အထိ ကာလအတွင်း စက်မှုလုပ်ငန်းဆောင်ရွက်မှုများအား ခေတ္တရပ်ဆိုင်းထားရန်နှင့် အလင်းရောင်အတွက်သာ ဓာတ်အားအသုံးပြုရန်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက လျှပ်စစ်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအကြောင်းကြားစာတွင် ပါရှိကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/04/%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%ac%e1%80%99%e1%80%b1%e1%80%b8%e1%80%95/