ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ မိုးကောင်းတံတား ကျိုးကျပျက်စီး
ရန်ကုန်-မော်လမြိုင် AH1 လမ်းမကြီး မိုင်တိုင် ၁၃၆ နှင့် ၁၃၈ အကြား သုဝဏ္ဏဝတီ ကျိုက်ကော် သိမ်ဆိပ်မြို့ အနီး မိုးကောင်းတံတားသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျိုးကျပျက်စီးနေကြောင်း သိရသည်။
“ညသန်းခေါင်ကျော် ၁ နာရီလောက်က ပေါက်ကွဲသံကြားရပြီး မိုးကောင်းတံတား ပျက်စီးသွားတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါဖောက်ခွဲဖျက်ဆီးမှုသည် မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်သည်ကို လက်ရှိတွင် မသိရသေးကြောင်း သိရသည်။
“ကျိုက္ကော်အထွက် မိုးကောင်းတံတား ကျိုးကျပျက်စီးသွားတာမှာ အခုလက်ရှိ ကားတွေဖြတ်သန်းလို့ မရတော့ပါဘူး။ ကားလေးတွေက ရွာပတ်လမ်းကနေ ရှောင်သွားလို့ ရနိုင်ပါတယ်။ ရန်ကုန်ဘက်ကလာရင်
ကရင်လေးဆိပ် ရွာပတ်လမ်းထဲဝင်လာပြီး ဒင်္ဂါးဆိပ်ရွာက ပြန်ထွက်လို့ရမယ်။ ရထားလမ်းတော့ ကျော်ရမယ်။ လက်ရှိမှာ မိုးကောင်းတံတာ ကျိုးနေတော့ လမ်းအခြေအနေစုံစမ်းပြီးမှ သွားလာကြဖို့တော့ လိုပါတယ်”ဟု ကားဆရာတစ်ဦးကပြောသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/28/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%84%e1%80%ba-%e1%80%9c%e1%80%99%e1%80%ba%e1%80%b8/