မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူး ရုံးခွဲတို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ရန်အတွက် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူနိုင်

မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူး ရုံးခွဲတို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ရန်အတွက် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူနိုင်

မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူး ရုံးခွဲတို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ရန်အတွက် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူနိုင်

မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲတို့တွင်ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများအတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှစ၍ အွန်လိုင်းမှ ရက်ချိန်းရယူဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထိုသို့အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများ မဟုတ်ပါက ရက်ချိန်းရရှိထားသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်းနှင့် အွန်လိုင်းမှရက်ချိန်းရယူပြီးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ရာတွင် လဝကမှ စိစစ်ထားသော UID နံပါတ် များ ရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အွန်လိုင်းမှ ရက်ချိန်းရယူရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သော www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZPay / MPU Card ဖြင့် ငွေပေးချေခြင်းကို ကြားခံပွဲစား၊ အကျိုးဆောင်များ မလိုအပ်ဘဲ ကာယကံရှင် ကိုယ်တိုင် လျှောက်ထားနိုင်ရေး စီစဉ်ထားရှိကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့် ဆောင်ရွက် ပေးလျက်ရှိပြီး နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/28/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%81%8a-%e1%80%95%e1%80%af%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%81%8a-%e1%80%94%e1%80%b1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 14分钟前
下一篇 12分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....