တတိယအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်တက်ရောက်

ဒုတိယဝန်ကြီးချုပ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်

တတိယအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင်ကျင်းပသော တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Third Belt and Road Forum for International Cooperation) သို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများသည်။

တတိယအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်တက်ရောက်တတိယအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်တက်ရောက်တတိယအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်တက်ရောက်

တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို အရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်၍ စီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Third Belt and Road Initiative) စတင်ခဲ့သည့် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

အရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်၍ နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့ (High-quality Belt and Road Cooperation: Together for Common Development and Prosperity) ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ယခုနှစ် Belt and Road ဖိုရမ်အား High-Level Forum on Digital Economy ၊ High Level Forum on Green Development နှင့် High Level Forum on Connectivity ဟူ၍ High-Level Forum (၃) ခုနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ (၆) ခုတို့ဖြင့် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့နံနက်ပိုင်းက China Great Hall ပြည်သူ့ခန်းမဆောင်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်မှတက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါသည်။

ယခုကျင်းပသည့် ဖိုရမ်တွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံပေါင်း (၁၅၀) မှ ဝန်ကြီးများ၊ အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း (၃၀) ကျော်တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူပညာရှင်များအပါအဝင် စုစုပေါင်း (၄,၀၀၀) ဦးခန့် ပါဝင်တက်ရောက်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%90%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%9b%e1%80%95%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 6小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....