မြန်မာ-တရုတ် ပူးတွဲရေးသားခဲ့သည့် မြန်မာနိုင်ငံမြောက်ပိုင်း သစ်ခွမျိုးစု ဇီဝမျိုးစုံမျိုးကွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု စာအုပ် ထုတ်ဝေ

ယူနန်သစ်တောနည်းပညာကောလိပ်မှ ပါမောက္ခ Mr. Liu Qiang နှင့် မြန်မာ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဦးမြင့်ဇော်တို့ ပူးတွဲရေးသားခဲ့သည့် “မြန်မာနိုင်ငံမြောက်ပိုင်း သစ်ခွမျိုးစု ဇီဝမျိုးစုံမျိုးကွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု (Orchids Diversity and Conservation in Kachin State, Northern Myanmar) စာအုပ်ကို တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစာအုပ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် သစ်ခွမျိုးစုပေါင်း ၉၀ မျိုး၊ မျိုးစိတ်ပေါင်း ၃၀၆ မျိုးတို့ကို မှတ်တမ်းကောက်ယူထားပြီး လှပသောနေထိုင်ရာပတ်ဝန်းကျင်နှင့် မျိုးစိတ် ဓာတ်ပုံများပါဝင်သည်။

ကချင်ပြည်နယ်တွင် ဇီဝအရင်းအမြစ်ကြွယ်ဝပြီး လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်အတွင်း ပညာရှင်များက မကြာခဏ သွားရောက်လေ့လာခဲ့ကြသည်။ သို့သော်လည်း အဆိုပါဒေသမှ သစ်ခွမျိုးစုအရင်းအမြစ်များကမူ လူသိနည်းနေဆဲဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် ကာလအတွင်း တရုတ်သိပ္ပံအကယ်ဒမီ အရှေ့တောင်အာရှဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး သုတေသနစင်တာသည် မြန်မာနိုင်ငံ သစ်တောသုတေသနဌာနနှင့်အတူ မြန်မာမြောက်ပိုင်း ဇီဝမျိုးစုံမျိုးကွဲမှု အကြီးစားကွင်းဆင်း သိပ္ပံသုတေသနလေ့လာမှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၂၀၀ ကျော်ကြာမြင့်ခဲ့ရာ မြန်မာမြောက်ပိုင်း သစ်ခွမျိုးစုအသစ် ၁၁ မျိုးနှင့် မျိုးစိတ်အသစ် ၁၀၃ မျိုး ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစာအုပ်ထုတ်ဝေခြင်းသည် အများပြည်သူက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် သစ်ခွမျိုးစုများ ဇီဝမျိုးစုံမျိုးကွဲမှုအပေါ် လေ့လာနိုင်မည့် ပြတင်းပေါက်တစ်ခုထောက်ပံ့ပေးလိုက်ပြီး တစ်ချိန်တည်းတွင် အဆိုပါဒေသရှိ သစ်ခွမျိုးစုအပင်အရင်းအမြစ်များအား ကာကွယ်ခြင်းနှင့် အသုံးပြုရန်အတွက် သဘောတရားဆိုင်ရာ ကိုးကားမှုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/04/16701/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 3分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....