အမိုနီယမ်နိုက်ထရိတ် (၆.၂၈၈)တန်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးနှင့်အမရပူရမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် (၆.၂၈၈)တန်ဖမ်းဆီးရမိ

အမိုနီယမ်နိုက်ထရိတ် (၆.၂၈၈)တန်ဖမ်းဆီးရမိ

ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သော အမိုနီယမ်နိုက်ထရိတ် (၆.၂၈၈)တန်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ ဝင်းမြိုင် မောင်းနှင်ပြီး ရန်မျိုးအောင် လိုက်ပါလာသော Nissan ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၁ ဒသမ ၆၄ တန် သိမ်းဆည်းရမိခဲ့သည်။

အမိုနီယမ်နိုက်ထရိတ် (၆.၂၈၈)တန်ဖမ်းဆီးရမိ

ဆက်လက်ပြီး စစ်ဆေးချက်အရ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန် အမရပူရမြို့နယ်၊ စာကလေးအင်းကျေးရွာရှိ ကုမ္ပဏီကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ မန်နေဂျာ သက်နောင်အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၄ ဒသမ ၆၄၈ တန်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၆ ဒသမ ၂၈၈ တန် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါသိမ်းဆည်းရမိ ထိန်းချုပ်ဓာတု ပစ္စည်း အမိုနီယမ်နိုက်ထရိတ်များအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များအား တရားမဝင်သယ်ဆောင်သိုလှောင်ထားသည့် ဝင်းမြိုင်၊ ရန်မျိုးအောင်နှင့် သက်နောင်တို့အား တည်ဆဲဥပဒေများအရ အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/02/%e1%80%a1%e1%80%99%e1%80%ad%e1%80%af%e1%80%94%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%9b%e1%80%ad%e1%80%90%e1%80%ba-%e1%81%86-%e1%81%82/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2022 4:17 下午
下一篇 8月 4, 2022 2:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....