မန္တလေးမြို့တွင် ဆိုလာဖြင့် ဘတ္ထရီအိုးအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၂၄ လုံး မီးဘေးသင့်

မန္တလေးမြို့တွင် ဆိုလာဖြင့် ဘတ္ထရီအိုးအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၂၄ လုံး မီးဘေးသင့်

မန္တလေးမြို့တွင် ဆိုလာဖြင့် ဘတ္ထရီအိုးအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၂၄ လုံး မီးဘေးသင့်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်းရပ်၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြား၊ ၅၁ လမ်းနှင့် လမ်း ၅၀ ကြားမှ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီကျော်ကျော်က ဆိုလာဖြင့် ဘတ္ထရီအိုးအားသွင်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၂၄ လုံး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

ဆိုလာဖြင့် ဘတ္ထရီအိုးကို တိုက်ရိုက်အားသွင်းထားရာမှ ဘတ္ထရီအိုးပွင့်ပြီး အနီးရှိ အဝတ်ပုံသို့ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၄ အိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကာ ဆိုင်ကယ်တစ်စီးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရသည်။

မန္တလေးမြို့တွင် ဆိုလာဖြင့် ဘတ္ထရီအိုးအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၂၄ လုံး မီးဘေးသင့်မန္တလေးမြို့တွင် ဆိုလာဖြင့် ဘတ္ထရီအိုးအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၂၄ လုံး မီးဘေးသင့်

မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၈ စု၊ ကျား ၆၅ ဦး၊ မ ၇၄ ဦး၊ စုစုပေါင်း ၁၃၉ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ကံကြီးကုန်းရပ်၊ ရွာလယ်ဓမ္မသုခပါလ ဓမ္မာရုံ၌ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ယာယီနေထိုင်ရန် စီစဥ်ထားကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး မီးပေါ့ဆစွာ သုံးစွဲခဲ့သူ ဒေါ်…. (၆၈နှစ်)ကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းတွင် (ပ-၂၂ / ၂၈၅ /၂၀၂၄) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%86%e1%80%ad%e1%80%af%e1%80%9c%e1%80%ac%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 19, 2024 10:13 上午
下一篇 2月 19, 2024 10:18 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....