မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာ

ရှမ်းပြည်နယ်ရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာ

မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာ

ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၄ / ၂၀၂၄ ဖြင့် မတ်လ ၄ ရက်တွင် စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးရန် အပ်နှင်းလိုက်ကြောင်း သိရသည်။

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များ၏ အုပ်ချုုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး Martial Law အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။

မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာ

တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသည့်အခြေအနေများပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်ပေး၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စစ်အုပ်ချုပ်ရေးဒေသတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကွက်ကဲမှုအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူးများကို နစကဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/05/%e1%80%99%e1%80%94%e1%80%ba%e1%80%90%e1%80%af%e1%80%b6%e1%81%8a-%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%99%e1%80%b9/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 23小时前
下一篇 12分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....