မန္တလေးမြို့က စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားရာ ဆီလာဖြည့်သည့်အိမ်စီးကားတစ်စီး မီးလောင်ကျွမ်း
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်းနှင့် မနော်ဟရီလမ်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မတ်လ ၄ ရက် ညနေ ၄ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုသည် ဂါလန် ၃၂၀၀ ဆံ့ ဆီဘောက်ဆာကားမှ 92 ဆီကို Ground Tank သို့ ဆီချစဉ် Spark ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဖြူရောင် LEXUS-LX570 ယာဉ်တစ်စီး၊ ဆိုင်ကယ်သုံးစီး၊ ပိုက်အတွင်းရှိ 92 ဆီလက်ကျန် (၅)ဂါလန် ဆုံးရှုံးခဲ့ကြောင်း သတင်းများအရ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ Level(1)ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မီးသတ်ရေသယ်ယာဉ် (၅)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေ ၃၀ ဦး၊ အရန် ၇ဝ ဦး တို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄ မိနစ် အချိန် မီးထိန်းနိုင်ပြီး ညနေ ၄ နာရီ ၅ မိနစ် အချိန် မီးလုံးဝငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/05/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%80-%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae/