တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၏ ၂၀၂၃ ခုနှစ် သွင်းကုန်ပို့ကုန်ပမာဏ စံချိန်သစ်တင်

တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၏ ၂၀၂၃ ခုနှစ် သွင်းကုန်ပို့ကုန်ပမာဏ စံချိန်သစ်တင်

တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၏ ၂၀၂၃ ခုနှစ် သွင်းကုန်ပို့ကုန်ပမာဏ စံချိန်သစ်တင်

မတ်လ ၁ ရက်နေ့ ဝမ်တိန်အကောက်ခွန်ဌာနမှ သတင်းအရ ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၏ သွင်းကုန်ပို့ကုန် ပို့ဆောင်ရေး စုစုပေါင်းပမာဏမှာ တန်ချိန် ၁.၈၂၃၈ သန်းရှိပြီး ကုန်သွယ်မှုတန်ဖိုးမှာ ၁၂.၁၅၉ ဘီလီယံယွမ်ရှိကာ အလားတူကာလထက် ၃၇.၁၄%၊ ၃၈.၁% အသီးသီး မြင့်တက်လာကာ စံချိန်သစ်တင်ကြောင်း မင်္ဂလာ သတင်းစာမျက်နှာ၏ဖော်ပြချက်အရ သိရသည်။

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ဝမ်တိန်နယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံ၏ ပထမအသုတ် တံခါးဖွင့်လှစ်သော အမျိုးသားပထမအဆင့် နယ်စပ်ဂိတ်ဖြစ်ပြီး “the Belt and Road”အဆိုပြုချက် အတူကတွ တည်ဆောက်ရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးတို့၏ အချက်အချာနေရာလည်းဖြစ်ပေသည်။ ဝမ်တိန် မန်မန်းလမ်းကြောင်းမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းလမ်းပို့ဆောင်ရေး အချက်အချာနေရာဖြစ်သော မူဆယ် ၁၀၅ မိုင်နှင့် အနီးဆုံး ကုန်းလမ်းလမ်းကြောင်းအနေဖြင့် သဘာ၀ကပေးစွမ်းသော တည်နေရာအားသာချက် ထင်ရှားသည်။

တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၏ ၂၀၂၃ ခုနှစ် သွင်းကုန်ပို့ကုန်ပမာဏ စံချိန်သစ်တင် တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၏ ၂၀၂၃ ခုနှစ် သွင်းကုန်ပို့ကုန်ပမာဏ စံချိန်သစ်တင်

၂၀၂၃ ခုနှစ်တွင် ဝမ်တိန်နယ်စပ်ဂိတ် မန်မန်းလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံထုတ် ကိုယ်ပိုင်အမှတ်တံဆိပ် စွမ်းအင်သစ်မော်တော်ကား ၅၀ စီးအား ကုန်းတွင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခြင်း အောင်မြင်ခဲ့ပြီး လုပ်ငန်းအဖွဲ့၏ ကုန်ကျစရိတ်များကို များစွာ လျော့ချနိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံဖြတ်ကျော် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုတွင် ဝမ်တိန်နယ်စပ်ဂိတ်သည် တစ်နှစ်လုံး တင်သွင်းတင်ပို့သည့် လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်း၏ ကုန်သွယ်မှုတန်ဖိုးမှာ ၂.၃၅၉ ဘီလီယံ ရရှိကြောင်း မင်္ဂလာသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/06/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba-%e1%80%9d%e1%80%99%e1%80%ba%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 58分钟前
下一篇 49分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....