မြန်မာ-ဝမ်ပေါင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဘက်တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားပြီး မြေသားပြိုကျ

မြန်မာ-ဝမ်ပေါင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဘက်တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားပြီး မြေသားပြိုကျ

မြန်မာ-ဝမ်ပေါင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဘက်တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားပြီး မြေသားပြိုကျ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဘက်တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားမှုကြောင့် မြေသားပြိုကျခြင်းများ တွေ့ရကြောင်း Myanmar Wanbao Mining Copper Limited ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြေသားပြိုကျခြင်းသည် စီမံကိန်းလုပ်ငန်းပိတ်ထားပြီးနောက်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များတွင် ကုမ္ပဏီ၏ Mining ဌာနမှ သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်း၍ အဆိုပါကမ်းပါးယံများကို ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မိုင်းတွင်းဧရိယာလုံခြုံရေးလုပ်ငန်းများကို သေချာထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ-ဝမ်ပေါင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဘက်တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားပြီး မြေသားပြိုကျ မြန်မာ-ဝမ်ပေါင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဘက်တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားပြီး မြေသားပြိုကျ

ယခုရက်ပိုင်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ Purchase & Supply ဌာနသည် ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ စာရင်းဇယားများပြုစုခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဟင်းလင်းပြင်နေရာ၌ သိုလှောင်ထားသော HDPE ပိုက်များကိုစစ်ဆေး၍ စာရင်းပြုစုခြင်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ အကြီးအကဲများ ဦးဆောင်၍ သက်ဆိုင်ရာဌာနအသီးသီးရှိ တာဝန်ခံများနှင့်အတူ လုံခြုံမှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/06/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%9d%e1%80%99%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba-%e1%80%9c%e1%80%80%e1%80%ba%e1%80%95%e1%80%90%e1%80%b1%e1%80%ac%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 23小时前
下一篇 18分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....