ကူမင်းတွင် နစကနှင့် မြောက်ပိုင်းသုံးဖွဲ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးချက်များကို ထုတ်ဖော်မပြောရန် သဘောတူခဲ့ကြ

ကူမင်းတွင် နစကနှင့် မြောက်ပိုင်းသုံးဖွဲ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးချက်များကို ထုတ်ဖော်မပြောရန် သဘောတူခဲ့ကြ

ကူမင်းတွင် နစကနှင့် မြောက်ပိုင်းသုံးဖွဲ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးချက်များကို ထုတ်ဖော်မပြောရန် သဘောတူခဲ့ကြ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကိုယ်စားပြုအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့အကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မတ်လဆန်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးသည့်အချက်အလက်များကို နှစ်ဦးနှစ်ဖက်က ထုတ်ဖော်မပြောရန် သဘောတူထားသည့် ဆွေးနွေးပွဲအမျိုးအစားများ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

“တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မီဒီယာများ၊ အဖွဲ့အစည်းများ မေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပွဲရဲ့အကြောင်းအရာတွေ၊ သဘောတူညီမှုများနဲ့ ပတ်သက်ပြီး တိကျခိုင်လုံမှုမရှိဘဲနဲ့ ဒါလိုရာဆွဲပြီး ပြောဆိုနေတာတွေ၊ ဖြစ်ချင်တာတွေကို ပြောဆိုနေတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဦးဆုံး အသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ဒီလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ်ဖက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ ဆွေးနွေးပွဲအမျိုးအစားများ ဖြစ်ကြောင်း အသိပေးလိုပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ပြောရေးဆိုခွင့်ရှိသူက ဆွေးနွေးပွဲအကြောင်းအရာများနှင့် သဘောတူညီချက်များကို မပြောကြားသော်လည်း ဖြစ်ပေါ်နေသည့် ကောလာဟလအပေါ် အသိပေးပြောကြားခဲ့သည်။

“နံပါတ် ၁ အချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှု့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံအစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။ နံပါတ် ၄ အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပါတ် ၅ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး လုံခြုံရေးကိုထိခိုက်စေတဲ့ မူယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုတွေ၊ Cyber မှုခင်းကိစ္စတွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမှာဖြစ်ပါတယ်။ နံပါတ် ၆ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ပိုက်နက်နယ်မြေတွေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာမဟုတ်ပါဘူး။ နံပါတ် ၇ အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/08/%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%94%e1%80%85%e1%80%80%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....