ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေးများ ပြန်မြင့်တက်လာပြီး အသစ်ဝင် ပဲမာလိုင်းများသာ ဈေးကျဆင်းနေ

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေးများ ပြန်မြင့်တက်လာပြီး အသစ်ဝင် ပဲမာလိုင်းများသာ ဈေးကျဆင်းနေ

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေးများ ပြန်မြင့်တက်လာပြီး အသစ်ဝင် ပဲမာလိုင်းများသာ ဈေးကျဆင်းနေ

တရုတ်လိုင်းအဝယ်ကောင်းလာတာကြောင့် နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာ ဈေးမြင့်တက်လာသည်နှင့်အတူ ခိုင်မာမှုမရှိသည့် ပို့ကုန်မူဝါဒ အပြောင်းအလဲသတင်းများကြောင့် ဈေးကျဆင်းနေသည့် မတ်ပဲ၊ ပဲစင်းငုံ တို့ ဈေးပြန်မြင့်တက်လာသော်လည်း အသစ်ဝင် ပဲမာလိုင်းမှာ ဈေးကျဆင်းနေကြောင်း ကုန်သည်များထံက သိရသည်။

“အသစ်ဝင် ပဲတွေ ဈေးကွက်ကို စုံစုံလင်လင် ဝင်လာပါပြီ။ အသစ်ဝင်ကုလားပဲတွေ ဈေးကျဆင်းနေတာကနေ လှောင်လက်သမားများ အဝယ်ရှိလာလို့ ဈေး ပြန်မြင့်တက်လာပါတယ်။ ကုလားပဲအုပ်စုတစ်ခုလုံး အကျရပ်ပြီး ဈေးပြန်တက်လာပေမယ့် အရင် အမြင့်ဈေးထိတော့ မရောက်သေးပါဘူး။ ပဲမာလိုင်းတွေကတော့ အဟောင်းဈေးအမြင့်ကနေ အသစ် ဝင်ရောက်လာတော့ ဈေးကျဆင်းသွားပြီး ပေါက်ဈေးအတိုင်း အရောင်းအဝယ် သွက်နေပါတယ်။ လက်ရှိမှာ ပို့ကုန်မူဝါဒ အပြောင်းအလဲ ခိုင်မာမှုမရှိတဲ့သတင်းတွေကြောင့်ပဲ ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိခဲ့ပေမယ့် လက်ရှိမှာ ပို့ကုန်ပဲတွေ ဈေးပြန်မြင့်တက်လာပါတယ်” ဟု ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

မတ်လ ၇ ရက်တွင် ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေး ဖြစ်လာပြီး ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး မတ်လ ၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၁၀၀၀၊ ကုလားပဲ V7 တစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ အသစ်ဝင်ရောက်မှုများလာခြင်းကြောင့်လည်း ဈေးကျဆင်းနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၉၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၃၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၉၅၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၂၀၀၀ ပေါက်ဈေးရှိပြီး တရုတ်လိုင်း အဝယ်ရှိလာခြင်းကြောင့် မြေပဲအနီလုံး ဆန် (မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၈၄၀၀ ဈေးမြင့်တက်လာသည်။

မတ် ၇ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ် ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ အသီးသီးပေါက်ဈေးရှိလာကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/08/%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b1%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%95%e1%80%ad%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 7小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....