ရန်ကုန်မြို့တွင် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန် (၃၂၀)ကီလို ဖမ်းဆီးရမိကြောင်း သိရသည်။

မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလမတိုင်မီ စိတ်ကြွရူးသွပ်ဆေးပြားများ သိုလှောင် ထားရှိကာ လူငယ်များအား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် တင်မောင်သန်း နှင့် အောင်သူ တို့ ၂ ဦးအား SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ အောင်သူ ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန်(၃၂၀)ကီလိုခန့် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါသိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရှိရကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/15108/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2023 8:56 上午
下一篇 4月 9, 2023 9:00 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....