လန်ချန်း-မဲခေါင်မြစ်ဝှမ်းဗုဒ္ဓဘာသာဆိုင်ရာအစည်းအဝေး

၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာဆိုင်ရာ ကူးလူးဖလှယ်ရေးအစည်းအဝေး ကျင်းပ

လန်ချန်း-မဲခေါင်မြစ်ဝှမ်းဗုဒ္ဓဘာသာဆိုင်ရာအစည်းအဝေး

မေလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းသည် ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာဆိုင်ရာ ကူးလူးဖလှယ်ရေးအစည်းအဝေးကို ဗီဒီယိုအသွင်ပုံစံဖြင့် ဦးစီးကျင်းပခဲ့ကြောင်း CRI Myanmar ၏သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာဆိုင်ရာ ကူးလူးဖလှယ်ရေးအစည်းအဝေးကို ထိုင်း၊ မြန်မာ၊ ဗီယက်နမ်စသည့်နိုင်ငံများက ဗုဒ္ဓဘာသာ နယ်ပယ်မှ ကိုယ်စားလှယ် ၃၀ နီးပါးသည် အွန်လိုင်းကနေတစ်ဆင့် တက်ရောက်ခဲ့ကြသည်။

လန်ချန်း-မဲခေါင်မြစ်ဝှမ်းဗုဒ္ဓဘာသာဆိုင်ရာအစည်းအဝေး

တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဘုန်းတော်ကြီး ယန်ကျွေး က မိန့်ခွန်းပြောကြားရာတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများနှင့် ပြည်သူများကြား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ကျိုးရှိစေရေး၊ အနာဂတ်သို့ အတူ ရှေးရှုချီတက်ရေးတို့ကို တွန်းအားပေးရန် အကျိုးပြုစွမ်းဆောင်သင့်ကြောင်း၊ မတူညီသောဘာသာများကြား အပြန်အလှန်ဆွေးနွေးမှုနှင့် အရှေ့တိုင်းနှင့် အနောက်တိုင်းယဉ်ကျေးမှုများ အကြား အပြန်အလှန် နည်းယူလေ့လာရေးကို တွန်းအားပေးခြင်းဖြင့် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အကျိုးပြု စွမ်းဆောင်သင့် ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/15/09ea70cfb8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:51 上午
下一篇 5月 16, 2022 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....