“တရုတ်-အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ်” Logo ဒီဇိုင်းပြိုင်ပွဲဖိတ်ခေါ်

“တရုတ်-အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ်” Logo ဒီဇိုင်းပြိုင်ပွဲဖိတ်ခေါ်

“တရုတ်-အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ်” Logo ဒီဇိုင်းပြိုင်ပွဲဖိတ်ခေါ်

“တရုတ်-အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ်” Logo ဒီဇိုင်းပြိုင်ပွဲအတွက် လက်ရာမွန်လက်ရာကောင်းများ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်လျက်ရှိသည်။

အာဆီယံနှင့်တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်ကို “တရုတ်-အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ်” အဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်-အာဆီယံစင်တာ၊ တရုတ်ပြည်သူ၏ ပြည်ပနိုင်ငံများချစ်ကြည်ရေးအသင်း (CPAFFC) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ Logo ဒီဇိုင်းပြိုင်ပွဲ ကျင်းပခြင်းဖြစ်သည်။

ဆုကြေးများအဖြစ် ပထမဆု (၁) ဦး – တရုတ်ယွမ်ငွေ ၃ သောင်း + ဂုဏ်ပြုလက်မှတ်၊ ဒုတိယဆု (၂) ဦး – တရုတ်ယွမ်ငွေ ၁ သောင်း + ဂုဏ်ပြုလက်မှတ်၊ တတိယဆု (၅) ဦး – တရုတ်ယွမ်ငွေ ၅ ထောင် + ဂုဏ်ပြုလက်မှတ်နှင့် ပြိုင်ပွဲဝင်များကို ပါဝင်ယှဉ်ပြိုင်ခြင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် Logo ဒီဇိုင်းလက်ရာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အီးမေးလ်လိပ်စာ logodesign2024@139.com သို့ ပေးပို့ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အသေးစိတ်သိလိုသည်များကို အီးမေးလ်လိပ်စာ ascancnlogo2024@139.com တွင် စုံစမ်းမေးမြန်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း အင်တာနက်လိပ်စာ https://www.zcool.com.cn/events/ChinaAseandesign2024/e_index?goto=nav&fbclid=IwAR0IXhzKmwCO0Vw3V8oBMWsEfIJ64jbKBX-Y64uQg0xM-dV6Qnczd9Io3Ig ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/02/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%a1%e1%80%ac%e1%80%86%e1%80%ae%e1%80%9a%e1%80%b6-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%a1%e1%80%81%e1%80%bb%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....