လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI)က တောင်သူနည်းပညာပေး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲပြုလုပ်
လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) က ဦးဆောင်ပြီး တောင်သူနည်းပညာပေး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲကို မုံရွာမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နှင့် ၃၀ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။
ဒေသအလိုက် တောင်သူလိုအပ်ချက်များ သိရှိနိုင်ရန်နှင့် စံပြကွက်၊ စမ်းသပ်ကွက်များ၊ လက်တွေ့ အသုံးချ သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ လူငယ်/လူလတ်ပိုင်း မျိုးဆက်သစ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ ဌာန၏အကျိုးအတွက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စသော ရည်ရွယ်ချက်များဖြင့် လူငယ်စွန့်ဦးပညာရှင်းများအဖွဲ့ (YSI) မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ဓာတ်ခွဲခန်းရုံးခန်းမတွင် ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖွင့်ပွဲကျင်းပရာ စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်း က ဆွေးနွေးပွဲ ဆောင်ရွက်ရသည့်အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့အတူ သက်ဆိုင်ရာ ဌာန/ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများက YSI ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ၊ YSI ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ YSI အဖွဲ့၏ ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း လက်တွေ့အသုံးချ သုတေသနများအကြောင်းနှင့် မြေဆီလွှာသုတေသနများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/03/ysi%e1%80%80-%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%b0%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%8a%e1%80%ac%e1%80%95%e1%80%b1%e1%80%b8-%e1%80%86%e1%80%bd%e1%80%b1/