မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကာကွယ်စောင့်ရှောက်သွားလိုကြောင်း

မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောကြား

နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအား နက်ရှိုင်းသွားလိုပြီး မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဇန်နဝါရီလ ၅ ရက်နေ့က အွန်လိုင်းစနစ်ဖြင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

တွေ့ဆုံဆွေးနွေးစဉ် Mr. Wang Xiaohong က တရုတ်နိုင်ငံသည် အမြဲတစေ မဟာဗျူဟာမြောက်အမြင်ဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို ရှုမြင်ဖော်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးပါသဘောတူညီချက်များကို အတူတကွအကောင်အထည်ဖော်ဆောင်ကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံနက်နက်ရှိုင်းရှိုင်းဖော်ဆောင်သွားလိုကြောင်း၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးနှင့် အရေးပါအမှုကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အတွင်းကျကျဆောင်ရွက်၍ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားလိုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများဘေးကင်းလုံခြုံမှုကိုအာမခံကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်သွားလိုကြောင်း Mr. Wang Xiaohong က ပြောကြားခဲ့သည်ဟု သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%92%e1%80%b1%e1%80%9e-%e1%80%90%e1%80%8a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6分钟前
下一篇 1分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....