တရုတ်အမျိုးသားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
အမျိုးသမီးများအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သတင်းစဉ် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ—၊ ၁၇/၂၀၂၃ နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်နေ မ—-၊ ၂၇/၂၀၂၃ နှစ်နှင့် ဘိုကလေးမြို့နယ်နေ မ—၊ ၂၃/၂၀၂၃ နှစ်တို့အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မ ရဲစခန်း (ပ) ၁၇၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံး ရာကြီးအမှုအမှတ် ၄၂/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင် (ခ)အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့က တစ်မြို့နယ်တည်းနေ မ —-၊ ၁၄/၂၀၂၃ နှစ်အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်း (ပ)၁၇၅/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှုအမှတ် ၄၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%9c%e1%80%b0%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba/