Mr. Sun Weidong မြန်မာနိုင်ငံခရီးအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong မြန်မာနိုင်ငံခရီးအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့

Mr. Sun Weidong မြန်မာနိုင်ငံခရီးအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ၏ ဇန်နဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိလာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့ရာ တရုတ်-မြန်မာဆက်ဆံရေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ စသည့် အတူတကွ ဂရုပြုကြသည့် အကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဦးနှစ်ဖက်က နှစ်နိုင်ငံခေါင်းဆောင်သဘောတူညီချက်များကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်၍ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို စဉ်ဆက်မပြတ်အရည်အသွေးမြင့် အတူတကွတည်ဆောက်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားရန် သဘောတူညီခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်၍ ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား ပူးပေါင်းတိုက်ဖျက်ကာ ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းမှုနှင့် စည်ပင်ဝပြောဖွံ့ဖြိုးတိုးတက်မှုကို အတူလက်တွဲမြှင့်တင်သွားမည်ဖြစ်သည်ဟု သတင်းဖော်ပြပါရှိသည်။

တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအလေးထားပြောကြားခဲ့သည်ဟုသိရသည်။

တွေ့ဆုံဆွေးနွေးမှုများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။
မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/mr-sun-weidong-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%a1%e1%80%90%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11分钟前
下一篇 8分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....