မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၏ (၈၃) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၏ (၈၃) ကြိမ်မြောက် စာဖတ်ဝိုင်းကို မတ်လ ၉ ရက် နံနက် ၉ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး မုံရွာမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်လွင် (မောင်စိန်လွင် ၊ မင်းကင်း)က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းကို ဆရာ ထူးအောင်ဝင့်က ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်း အမှတ် (၅) ၏ ရသအက်ဆေးများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးပြီး ဆရာ အေးမင်းထက် – (မုံရွာ)၊ ဆရာမြင့်အောင် (ရွှေဘိုသား)၊ ဆရာယဉ်မျိုးနုတင်၊ ဆရာချို၊ ဆရာမောင်မောင်ချစ်ဦး၊ ဆရာနိုင်သျှား(မိုးမိတ်)၊ ဆရာ မြတ်သုတ (မြန်မာစာ)နှင့် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက မဂ္ဂဇင်းပါ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်တို့အား ဆွေးနွေးခဲ့ကြသည်။

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်သူများအသင်း (Book Club)သည် နှစ်ပတ်တစ်ကြိမ် စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိပြီး နွေရာသီ ကျောင်းသားကျောင်းသူ လူငယ်လေးများ စာဖတ်ရှိန်မြင့်မားရေး စာပေဟောပြောပွဲများ၊ စာဖတ်ဝိုင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/14/16760/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 17分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....