CPPCC နှင့် NPC တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ မြန်မာသံအမတ်ကြီးမှ ပါဝင်တက်ရောက်

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ပါဝင်တက်ရောက်

CPPCC နှင့် NPC တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ မြန်မာသံအမတ်ကြီးမှ ပါဝင်တက်ရောက်

၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့၌ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (The Great Hall of the People) တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေး (Two sessions) ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများ၊ တရုတ်နိုင်ငံတစ်ဝှမ်းမှ နိုင်ငံရေး၊ စီးပွားရေး ပညာရှင်များ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂,၉၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးများအား မတ်လ ၁၀ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/14/cppcc-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-npc-%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%81%8f-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....