၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ

၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ

၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ

၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် စနစ်သစ် သင်ရိုးဖြင့် ပထမဆုံးအကြိမ် ဖြေဆိုရသည့် Grade 12 (တက္ကသိုလ်ဝင်)စာမေးပွဲကို မတ် ၁၁ ရက်မှစ၍ စတင် ဖြေဆိုနေကြပြီး မတ်လ ၁၉ ရက်နေ့ထိ သက်ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ကြေညာချက်အရ သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအရ မတ် ၁၁ ရက် တနင်္လာနေ့တွင် မြန်မာစာ၊ မတ် ၁၂ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာ၊ မတ် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် သင်္ချာ၊ မတ် ၁၄ ရက် ကြာသပတေးနေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ မတ် ၁၅ ရက် သောကြာနေ့တွင် ရူပဗေဒနှင့် သမိုင်း၊ မတ် ၁၆ ရက် စနေနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒတို့ကို သက်ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကာ ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံ၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက်မြန်မာစာ စသဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ်ပညာရေးစနစ်၏ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန် Non Programmable Scientific Calculator များ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြိုနယ်ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာန တို့တွင် စာရင်းရှိ ဦးရေမှာ (၁၄၆၅၂၃ ) ဦးရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/14/%e1%81%82%e1%81%80%e1%81%82%e1%81%83-%e1%81%82%e1%81%80%e1%81%82%e1%81%84-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%95%e1%80%8a%e1%80%ac%e1%80%9e%e1%80%84%e1%80%ba%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 28分钟前
下一篇 26分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....