‘လှိုင်းပန်းချီ ဖြောင့်ချက်’စာအုပ်မိတ်ဆက်ပွဲကျင်းပ

အမျိုးသားစာပေဆုရ စာရေးဆရာကြီး အောင်ချိန်ဘွား၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ‘လှိုင်းပန်းချီ ဖြောင့်ချက်’စာအုပ်မိတ်ဆက်ပွဲကျင်းပ

'လှိုင်းပန်းချီ ဖြောင့်ချက်'စာအုပ်မိတ်ဆက်ပွဲကျင်းပ

အမျိုးသားစာပေဆုရ စာရေးဆရာကြီး အောင်ချိန်ဘွား၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ‘လှိုင်းပန်းချီ ဖြောင့်ချက်’ စာအုပ်မိတ်ဆက်ပွဲကို မတ်လ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Central Hotel တွင် ကျင်းပသည်။

“လှိုင်း ပန်းချီဖြောင့်ချက်လို့ စာအုပ်အမည်ပေးထားပါတယ်။ လှိုင်းဆိုတာက ကျွန်တော့်ဘဝ အတက်အကျအနိမ့်အမြင့်တွေကို တင်စားတာပါ။ ပန်းချီဆိုတာက အတက်အကျတွေကို ရေးဆွဲထားတာပေါ့။ ဖြောင့်ချက်က လှိုင်းလိုအတက်အကျဖြစ်တဲ့နေရာမှာ အများအားဖြင့် တက်ပြီးပြန်ကျတာပါ။ ကျရင်လည်း တော်တော်ပြင်းပြင်းထန်ထန် ဂျွမ်းထိုးမှောက်ခုန်ကျတာပါ။ အဲဒီလို ကျကျသွားတာ ဘာကြောင့်လဲဆိုတာ ကိုယ့်ဖာသာ သုံးသပ်ဝေဖန်လိုက်တော့ ကိုယ်တိုင်အသုံးမကျလို့၊ အရည်အချင်းမပြည့်မီလို့ မတက်တာပေါ့။ တက်ပြီးတော့လည်း စွမ်းဆောင်ရည်က ဆက်ပြီးမထိမ်းနိုင်တာပေါ့။ အဓိကကပြစ်မှုတွေ ပြစ်ချက်တွေ လုပ်မိတာတွေရှိတာပေါ့။ အဲဒီလိုဖြစ်တာတွေကို ဖြောင့်ချက်ပေးထားတာပါ” ဟု ဆရာကြီးအောင်ချိန်ဘွား က စာအုပ်နှင့်ပတ်သက်ပြီး ပြောသည်။

'လှိုင်းပန်းချီ ဖြောင့်ချက်'စာအုပ်မိတ်ဆက်ပွဲကျင်းပ 'လှိုင်းပန်းချီ ဖြောင့်ချက်'စာအုပ်မိတ်ဆက်ပွဲကျင်းပ

စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာ အောင်သူရိန် (ပုလဲ)က မုဒိတာ စကားပြောကြားပြီး စာရေးဆရာမ သက်ဦးခင်က စာအုပ်မိတ်ဆက်ပေးပြီး ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ အမျိုးသားစာပေဆုရ စာရေးဆရာကြီး အောင်ချိန်ဘွားက မိတ်ဆက်စကားပြောကြားပြီး ဆရာကြီးအောင်ချိန်ဘွားက ချင်းတွင်းအသင်း(ရန်ကုန်) ကို ကျပ် ၁၀ သိန်း လှူဒါန်းရာ ချင်းတွင်းအသင်း ဥက္ကဋ္ဌ ဦးဇော်လင်းဦး ကလက်ခံပြီး မင်္ဂလာဒုံမြို့နယ်စာရေးဆရာအသင်းကို ကျပ် ၁၀ သိန်း လှူဒါန်းရာ မင်္ဂလာဒုံမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးငွေစိုးက လက်ခံခဲ့သည်။

အမျိုးသားစာပေဆုရ စာရေးဆရာကြီး အောင်ချိန်ဘွား၏ ‘လှိုင်းပန်းချီဖြောင့်ချက်’ စာအုပ်သည် စာမျက်နှာ ၆၁၆ မျက်နှာရှိ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်ပြီး ဘဝအစ၊ ငယ်ငယ်ကဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝ၊ ရန်ကုန်တွင်စတင်အခြေချသည့်ဘဝ၊ ဖတ်သီဖတ်သီ အိမ်ထောင်ဦးစီးဆီကဘဝ၊
စိန်စီသောဘဝ၊ ရွှေရောင်လွှမ်းသောဘဝ၊ ပန်းမွေ့ရာလား ထင်ယောင်ဝိုးတဝါးဘဝ၊ နေဝင်ချိန်အလှဘဝ၊ အနေရခက် မကျေနပ်ချက်နှင့် ဆုံးရမည့်ဘဝ၊ စာပေအလှနှင့် ကျွန်တော့်ဘဝ ဟူ၍ အခန်း ၁၂ခန်း ရေးသားထုတ်ဝေထားသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/14/%e1%80%9c%e1%80%be%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae-%e1%80%96%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 19分钟前
下一篇 16分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....