ကသာမြို့ မြောက်ပိုင်းရပ်ကွက်တွင် လူနေအိမ် (၆) လုံး မီးလောင်

ကသာမြို့ မြောက်ပိုင်းရပ်ကွက်တွင် လူနေအိမ် (၆) လုံး မီးလောင်

ကသာမြို့ မြောက်ပိုင်းရပ်ကွက်တွင် လူနေအိမ် (၆) လုံး မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မြောက်ပိုင်းရပ်ကွက် အောင်သပြေလမ်းတွင် မတ်လ ၁၆ ရက် ညနေ (၄)နာရီခွဲ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် (၆) လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

နံကပ်တစ်ထပ်ဂိုထောင်မှ ပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းကာ လူနေအိမ် (၆) လုံး မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီခွဲတွင် မီးငြှိမ်းသွားကြောင်းသိရသည်။

ကသာမြို့ မြောက်ပိုင်းရပ်ကွက်တွင် လူနေအိမ် (၆) လုံး မီးလောင်

အဆိုပါ မီးဘေးသင့်အိမ်ထောင်စု ၆ စုကို သက်ဆိုင်ရာက တစ်အိမ်ထောင်စုလျှင် ကယ်ဆယ်ရေးပစ္စည်း Family Kits (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ စုစုပေါင်း(၁၂၆၀၉၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/20/%e1%80%80%e1%80%9e%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 9分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....