မြန်မာ့စိန်တလုံးသရက်သီး ပြည်ပတင်ပို့ရန် ဈေးကောင်းပေးဝယ်ရန် ကမ်းလှမ်းလျက်ရှိ

မြန်မာ့စိန်တလုံးသရက်သီး ပြည်ပတင်ပို့ရန် ဈေးကောင်းပေးဝယ်ရန် ကမ်းလှမ်းလျက်ရှိ

မြန်မာ့စိန်တလုံးသရက်သီး ပြည်ပတင်ပို့ရန် ဈေးကောင်းပေးဝယ်ရန် ကမ်းလှမ်းလျက်ရှိ

ယခုနှစ်တွင် စိန်တစ်လုံးသရက်မှာ ရာသီဥတုကြောင့် အပွင့်အားကောင်းသော်လည်း အသီးတင်နှုန်းနည်းသဖြင့် လာမည့်ရာသီတွင် စိန်တစ်လုံးသရက်များကို ပြည်ပသို့တင်ပို့ရန် ဈေးကောင်းပေးဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့်ရာသီမှာ စိန်တလုံး တွေ ဈေးကောင်းပေးဝယ်သွားမှာပါ။ လက်ရှိအချိန်မှာ ပေါက်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေမယ့် သင်္ကြန်ပြီးနောက်ပိုင်း ဈေးဖွင့်သွားမှာပါ။ ရောင်းချလိုတဲ့ သရက်ခြံပိုင်ရှင်များအနေနဲ့ ကြိုတင်ဆက်သွယ်ပြီး ရောင်းချနိုင်မယ့်ဧက၊ ရောင်းချမယ့်အချိန် တို့ကို ကုမ္ပဏီနဲ့ ကြိုတင်ညှိနှိုင်း စာရင်းပေးထားနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ Export တင်ပို့မှာဖြစ်လို့ အရည်အသွေးကောင်းဖို့ လိုအပ်ပါတယ်။ မဖြစ်မနေ သရက်သီး အိတ်စွပ်ဖို့ လိုအပ်ပါတယ်။ အိတ် လိုအပ်လျှင်လည်း ကုမ္ပဏီကို ဆက်သွယ်နိုင်ပါတယ်” ဟု သဇင်နွယ် သရက်ခြံ မန်နေဂျာ ဦးဌေးအောင် ကပြောသည်။

မြန်မာ့စိန်တလုံးသရက်သီး ပြည်ပတင်ပို့ရန် ဈေးကောင်းပေးဝယ်ရန် ကမ်းလှမ်းလျက်ရှိ မြန်မာ့စိန်တလုံးသရက်သီး ပြည်ပတင်ပို့ရန် ဈေးကောင်းပေးဝယ်ရန် ကမ်းလှမ်းလျက်ရှိ

ယခင်နှစ် သရက်သီးရှားချိန်တွင် အနိမ့်ဆုံးဈေးတန်းမှာ တစ်တန်လျှင် ငွေကျပ် ၁၂ သိန်းနှင့် အရည်အသွေးအလိုက် အမြင့်ဆုံး ငွေကျပ် ၁၅ သိန်းခန့်အထိ ပေးဝယ်ခဲ့ကြောင်း သိရသည်။

မြန်မာစိန်တလုံးကို တရုတ် နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့နေသော်လည်း ယခုနှစ်တွင် သယ်ယူစရိတ်များ ကြီးမြင့်မှုများကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အားထား ရောင်းချရမည့် အခြေအနေ ဖြစ်နေသည်။

သဇင်နွယ်ကုမ္ပဏီမှ Exort အရည်အသွေး စိန်တလုံးသရက်သီးများကို ရွေးချယ်ကာ စင်ကာပူ နိုင်ငံသို့ အအေးခန်းကွန်တိန်နာများဖြင့်  ၂၀၁၉ ခုနှစ် ကတည်း က တင်ပို့နေခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း တင်ပို့ရန် အရည်အသွေးကောင်း စိန်တလုံးသရက်သီးများကို ဝယ်သွားရန် ကမ်းလှမ်းထားကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/20/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%85%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%ae-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10分钟前
下一篇 7分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....