တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲအခမ်းအနားကျင်းပ

တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲအခမ်းအနားကျင်းပ

တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ဧပြီလ ၄ ရက်နေ့တွင် ကျရောက်သည့် တရုတ်သင်္ချိုင်းကန်တော့ပွဲ အခါသမယ၌ မြန်မာနိုင်ငံသို့စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များကို ဦးညွတ်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တရုတ်အဝေးရောက်မဟာမိတ်တပ် အမှတ်တရကျောက်တိုင်တွင် ပန်းခြင်း၊ ပန်းခွေများချပြီးနောက် အားလုံးအတူတကွ ငြိမ်သက်၍ ဦးညွတ်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် သံရုံးမှအရာရှိများကို ဦးဆောင်ကာ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်အဝေးရောက် မဟာမိတ်တပ်၏ မျိုးဆက်များ၊ တရုတ်နွယ်ဖွားကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာများနှင့်အတူ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲအခမ်းအနားကျင်းပ တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲအခမ်းအနားကျင်းပ

တောင်ငူမြို့သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်အဝေးရောက်မဟာမိတ်တပ်က ဖက်စစ်ဂျပန်ကို တိုက်ပွဲဝင်ခုခံတိုက်ခိုက်သည့် သမိုင်းဝင်တည်နေရာဖြစ်သည်။

လွန်ခဲ့သည့် ၈၂ နှစ်တုန်းက တရုတ်အဝေးရောက်မဟာမိတ်တပ်ပေါင်းသိန်းချီက မြန်မာနိုင်ငံသို့လာရောက် တိုက်ပွဲဝင်ခဲ့ရာ သွေးသားနဲ့ အသက်များဖြင့် တရုတ်နိုင်ငံ၏ ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲသမိုင်းတွင် မော်ကွန်းတင်ထိုက်သောစာမျက်နှာကို ရေးသားခဲ့ပြီး အာရှတိုက် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ရေးအတွက် အရေးပါအကျိုးထမ်းဆောင်ခဲ့ကြောင်း၊ တရုတ်အဝေးရောက်မဟာမိတ်တပ်များ၏ တိုင်းပြည်ချစ်စိတ်သည် အမြဲထွန်းလင်းတောက်ပနေမည်ဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်သည်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် အာဇာနည်များ၏အမွေကိုဆက်ခံကာ တိုင်းပြည်ချစ်စိတ်ဓာတ် ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ တရုတ်အမျိုးသားကြီးမြတ်သောပြန်လည်နိုးထရေး ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/08/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%a1%e1%80%9d%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%9f%e1%80%ac%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....