ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့ ည ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပိုင်စိုး မောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာရှိ ပိုင်စိုး ၏ နေအိမ်နှင့် အမရပူရမြို့နယ်၊ တောတွင်းကျေးရွာရှိ မအိအိမွန် ၏ နေအိမ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ပြားအား လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၄ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၌ မစိန်(ခ)သက်ထား အား လည်းကောင်း၊ မတ်လ ၂၆ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်၌ ဝိုင်အောင်မြင့် အား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ကျော်ရဲသူ အား ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာသွားလမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဂေါ်ယုံဆင်း အား ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၀၉(B)နှင့် ၁၁၀ လမ်းကြားရှိ ၎င်း၏နေအိမ်၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဝိုင်အောင်မြင့် ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေအရအရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/01/%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95%e1%80%ba-%e1%81%82-%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 52分钟前
下一篇 44分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....