မုံရွာမြို့ အမှတ်(၇၅)သစ်စက် မီးလောင်မှုဖြစ်ပွား

မုံရွာမြို့ အမှတ်(၇၅)သစ်စက် မီးလောင်မှုဖြစ်ပွား

မုံရွာမြို့ အမှတ်(၇၅)သစ်စက် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် အမှတ်(၇၅)သစ်စက်တွင် မတ်လ ၂၅ ရက် နံနက် ၃ နာရီ ခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းသွားလမ်းလာတစ်ဦးမှ ဆေးလိပ်တိုစွန့်ပစ်ခဲ့မှုကြောင့် သစ်စက်ဝန်း ခြံစည်းရိုးအပြင်ဘက်ရှိ မြက်ခြောက်များ မီးလောင်ပြီး စက်ရုံဝန်း အတွင်းရှိ အမှိုက်ပုံသို့ မီးကူးစက်ရာမှတဆင့် ပင်မစက်ရုံဘက်သို့ ထပ်မံ၍ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ သိရသည်။

မုံရွာမြို့ အမှတ်(၇၅)သစ်စက် မီးလောင်မှုဖြစ်ပွား မုံရွာမြို့ အမှတ်(၇၅)သစ်စက် မီးလောင်မှုဖြစ်ပွား

မီးလောင်မှုကြောင့် (ပင်မစက်ရုံ) သွပ်မိုး၊ ပျဉ်ခင်း၊ အကာမရှိ၊ တိုင်ထောင်တစ်လုံး၊ စက်ပစ္စည်းများ၊ အမှတ်(၇၅)သစ်စက်၏ သတ်မှတ်နှုန်းထား အုပ်စု(၁) ဇလီဖား (၀.၉၃၆၆)တန်၊ အုပ်စု(၂)ဇလီဖား (၇.၅၀၆၆)တန်၊ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် (၁၆၅) သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်က ထုတ်ပြန်ထားသည်။

မီးလောင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ပိုလန်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၄)စီး အပါအဝင် ငြှိမ်းသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ်(၁၂)စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/28/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%81%87%e1%81%85%e1%80%9e%e1%80%85%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 32分钟前
下一篇 29分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....