၂၀၂၄ ခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် နှစ်နေရာရှိမည်

၂၀၂၄ ခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် နှစ်နေရာရှိမည်

၂၀၂၄ ခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် နှစ်နေရာရှိမည်

၂ဝ၂၄ ခုနှစ်၏ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ၂၆ လမ်း ကျုံးဘေးနှင့် ၇၃ လမ်း မင်္ဂလာမန္တလေးအိမ်ယာရှေ့တို့တွင် လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းပေါ် ၆၆ လမ်းမှ ၇၁ လမ်းအထိ လမ်းတောင်ဘက်ခြမ်းတွင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ၆၆ လမ်းမှ ၇၈ လမ်းအထိ ကျုံးဘက်ခြမ်းတွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ ၆၆ လမ်း (ကျုံးအရှေ့ဘက်ခြမ်း)တွင် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ လမ်း ၈ဝ (ကျုံးအနောက်ဘက်ခြမ်း)တွင် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများကို နေရာချထားပေးကာ ကျုံးအနောက်ဘက်ခြမ်းနှင့် ကျုံးမြောက်ဘက်ခြမ်းတို့၌ ရေစုပ်စက်များဖြင့် ရေကစားလိုသူများကို စီစဉ်ပေးမည်ဟု သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် နှစ်နေရာရှိမည်

ထို့အတူ ၇၃ လမ်းတလျှောက် သဇင်လမ်းမှ ငုရွှေဝါလမ်းအထိ လမ်းလျှောက်သင်္ကြန် စီစဉ်ထားပြီး ရေကစားမဏ္ဍပ်ရှေ့တွင် လောင်းလှေများ၊ ရေပိုက်များစီစဉ်ထားကာ ခြင်းလုံးများ၊ ရောင်စုံထီးများဖြင့် အလှဆင်ဆောင်ရွက်သွားမည့်အပြင် ရေကစားမဏ္ဍပ်အသေးများ ဆောက်လုပ်သွားမည်ဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင်၊ အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ဧည့်ခံဖျော်ဖြေ၍ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/28/%e1%81%82%e1%81%80%e1%81%82%e1%81%84-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%9f%e1%80%ac%e1%80%9e%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 35分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....